Events

မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းနှင့် ဖိလစ်ပိုင်နိုင်ငံတကာကုန်သွယ်ရေးကော်ပိုရေးရှင်း (Philippines International Trade Corporation-PITC) တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုး

Updated At: 2026-02-27 14:49:50

FB_IMG_1772167682801

မြန်မာ့ပြောင်းအား ဖိလစ်ပိုင်နိုင်ငံသို့ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေးအတွက် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း(Myanmar Corn Industrial Association-MoA) နှင့် ဖိလစ်ပိုင်နိုင်ငံတကာ ကုန်သွယ်ရေးကော်ပိုရေးရှင်း(Philippines International Trade Corporation-PITC) တို့အကြား နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် ကျင်းပခဲ့ပါသည်။

အဆိုပါ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုလက်မှတ်ရေးထိုးပွဲ အခမ်းအနားသို့ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါက်တာထိန်လင်း ဦးဆောင်၍ မြန်မာ့ ပြောင်းလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်များနှင့် ဖိလစ်ပိုင်နိုင်ငံတကာ ကုန်သွယ်ရေး ကော်ပိုရေးရှင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါ နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးမှု ပူးပေါင်းဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်၊ စိုက်ပျိုးရေးတန်ဖိုးကွင်းဆက်များကို အားကောင်း စေရန်နှင့် နှစ်နိုင်ငံလုံးမှ စက်မှုလုပ်ငန်း အကျိုးတူပါဝင်သူများအားလုံး အကျိုးရှိစေမည့် ဈေးကွက် အခွင့်အလမ်းသစ်များကို ရှာဖွေဖော်ထုတ်ရန် ရည်ရွယ်ပါသည်။

ယခု ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုလွယ်ကူချောမွေ့စေပြီး နိုင်ငံတကာချိတ်ဆက်မှုများကို မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံလုပ်ငန်းရှင်များအတွက် စီးပွားရေးအခွင့်အလမ်းများ ဆက်လက်ဖန်တီးဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားသည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေပြီး ရေရှည်တည်တံ့မှုအတွက် မောင်းနှင်အားဖြစ်သည့် လက်မှတ်ရေးထိုးပွဲ ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

                                                                                                                                                                               မြန်မာကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့